အကြောင်းအရာ
Civil Society Now သည် INGO အဖွဲ့အစည်းတစ်ခု၏ နည်းပညာကွန်ယှက်တစ်ခုဖြစ်သည်။ ၄င်း INGO အဖွဲ့အစည်း၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု၊ အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို စုစည်းပြီး CSO များဦးဆောင်သော စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းတွင် အထောက်အကူဖြစ်စေသည့် အရင်းအမြစ် စင်တာနှင့် ဝန်ဆောင်မှု အစုံအလင်ကို ထည့်သွင်းထားသည်။
CSN သည် အဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်များ အတွေ့အကြုံများပေါ်မူတည်ပြီး CSN အဖွဲ့ဝင်များဖြစ်သည့် ပြည်တွင်းလှုမှု့အကျိုးပြုအဖွဲ့အစည်းငယ် မှစ၍ ကောင်းစွာအသိအမှတ်ပြုခံထားရသည့် INGO အထိ လမ်းညွှန် ပေးရန် ရည်ရွယ်သည်။ ကျွန်ပ်တို့အဖွဲ့အစည်း၏ ဝန်ထမ်းများမှ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခု လည်ပတ်ရာတွင် လိုအပ်သည့် အတွေ့အကြုံများကို မျှဝေပြီး၊ အဖွဲ့ဝင်များအား နည်းပညာဆိုင်ရာအကြံဥာဏ်များနှင့် အခြေခံ မူဝါဒ လုပ်ထုံးလုပ်နည်းများအတွက် ပြင်ဆင်ပြုလုပ်နိုင်သော နမူနာဖိုင်များကို မြန်မာ အဂ်လိပ် နှစ်ဘာသာဖြင့် ဖော်ပြ ထားသည်။
CSN သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးပြီး အွန်လိုင်း နှင့် လူကိုယ်တိုင် တက်ရောက်နိုင်သည့် ပွဲများမှတစ်ဆင့် တစ်ခြားအဖွဲ့အစည်းများ၊ peer-to-peer လေ့လာမှု၊ အလှုရှင်များနှင့် ချိတ်ဆက် ဆက်သွယ်ခြင်းများကို ဖန်တီးပေးသည်။ CSN သည်အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန် လက်ရှိနိုင်ငံအဆင့် စီမံချက်များနှင့် ပေါင်းစည်းခြင်း ဆက်သွယ်ခြင်းများ ပြုလုပ်ထားသည်။
CSN တွင် ၂၀၂၄ ခုနှစ်အထိ နီပေါ၊ မွန်ဂိုးလီးယားနှင့် ယူကရိန်းတို့အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် အဖွဲ့ဝင်ပေါင်း ၉၀ ကျော်ရှိသည်။
